ကံကြမ္မာ မြေဖြူခဲ (ရုပ်ရှင်အညွှန်း)

ငြိမ်းချမ်းငြိမ်း

61gEgX69rmLဆာဂျီလူရှန်ကိုမှာ ယနေ့မျက်ခေတ် ရုရှားနိုင်ငံ၏ အကျော်ကြားဆုံး စာရေးဆရာတယောက် အဖြစ်သာမက နိုင်ငံတကာတွင်ပါ ထင်ရှားသောသူ ဖြစ်သည်။ သူ၏ ရာဇဝင်နောက်ခံ ဂမ္ဘီရဝတ္ထုများမှာ ရုရှားနှင့် ဥရောပတွင် ရိုက်မလောက် နိုင်လောက်အောင် ရောင်းစွံခဲ့သည်။ Day_Watch_posterဆာဂျီလူရှန်ကို၏ နာမည်ကျော် ဂမ္ဘီရဝတ္ထုဇာတ်လမ်းတွဲကြီး ဖြစ်သည့် Night Watch လေးအုပ်တွဲ (Tetralogy) မှာ သူ၏ အကောင်းဆုံး လက်ရာမွန်ဖြစ်သည်။ ထိုစာအုပ်သည် အမှောင်ဘက်တော်သားများ (Dark Others) နှင့် အလင်းဘက်တော်သားများ (Light Others) တို့၏ စစ်ပွဲများအကြောင်း ဖြစ်သည်။ ဆာဂျီလူရှန်ကို၏ ကျော်ကြားမှုကို နိုင်ငံတကာတွင်မူ Lord Of The Ring ဝတ္ထုများ၏ ဖန်တီးရှင် အမေရိကန် လျှို့ဝှက် စာရေးဆရာကြီး ဂျေအာအာတိုလ်ကီယန် (J.R.R Tolkien) နှင့် ခိုင်းနှိုင်းကြသည်။

၂ဝဝ၄ ခုနှစ်တွင် ကာဇက်စတန်နိုင်ငံဖွား ရုရှားဒါရိုက်တာ တိမူးဘက်ကမ်ဘီကော့ဗ်က ဆာဂျီလူရှန်ကို၏ Night Watch ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် အသွင်ပြောင်းခဲ့ရာ အလွန် အောင်မြင်ခဲ့သည်။ ၂ဝဝ၇ခုနှစ်တွင် Night Watch ဇာတ်လမ်းတွဲ၏ ဒုတိယ အပိုင်းဖြစ်သော Day Watch ကိုထပ်မံပြသခဲ့ရာ ထို ဇာတ်ကားမှာ ရုရှားနိုင်ငံ သမိုင်းတွင် ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်မှု စရိတ်အများဆုံး ကုန်ကျသော ဇာတ်ကားလည်းဖြစ်ပြီး ရုံတင်ပြသရာတွင်လည်း ရုရှားနိုင်ငံ၏ ဝင်ငွေအရဆုံး ဇာတ်ကားဖြစ်ခဲ့သည်။ Day Watch ဇာတ်ကားမှာ ရုရှားနိုင်ငံမှာသာမက အမေရိကန်အခြေစိုက် Fox Search Light ကုမ္ပဏီက ထပ်မံဖြန့်ချီပြသရာ အမေရိကန်နှင့် နိုင်ငံတကာတွင်ပါ လူကြိုက်များခဲ့သည်။ Day Watch ဇာတ်ကားဖြင့် နိုင်ငံတကာရှိ ရုပ်ရှင်ထုတ်လုပ် ဖြန့်ချီသူများက အာရုံစိုက်ခံရသဖြင့် ၂ဝဝ၇ခုနှစ်တွင် ဟောလိဝုဒ် ပွဲဦးထွက်လက်ရာ Wanted ဇာတ်ကားတွင် အိန်ဂျလီနာဂျိုလီ နှင့် မော်ဂန်ဖရီးမန်းတို့ ခေါင်းဆောင် ပါဝင်ထားသည်။

Wanted ဇာတ်ကားအပြီးတွင် သူ၏ Night Watch (triology) သုံးကားတွဲမှ နောက်ဆုံးအပိုင်း ဖြစ်သည့် ဤတငူငါ့အ္တအေခ့ ကို ၂ဝဝ၉ ခုနှစ်တွင် ရုံတင်ပြသမည် ဖြစ်သည်။ ဆာဂျီလူရှန်ကို၏ Night Watch (Tetralogy) လေးအုပ်တွဲတွင် ညစောင့် ကြည့်သူ(Night Watch) နေ့စောင့်ကြည့်သူ (Day Watch) နေညိုညိုစောင့်ကြည့်သူ (Twilight Watch) နှင့် နောက်ဆုံး စောင့်ကြည့်သူ (Final Watch) အနေဖြင့် လေးအုပ် ပါဝင်ပြီး ဒါရိုက်တာ တိမူးဘက်ကမ်ဘီတော့ဗ် က ဇာတ်ကားသုံးကားဖြင့် ပြန်လည် သရုပ်ဖော်ထားသည်။ Night Watch (ညစောင့်ကြည့်သူ) ညစောင့်ကြည့်သူ ဇာတ်ကားတွင် အဓိကသရုပ်ဆောင် အန်တွန်မှာ လူငယ်ဘဝကတည်းက ပြန်ပြင်လို့မရသည့် အမှားတခုကို အမှောင်အင်အားစုနှင့် ပေါင်းကာ ကျူးလွန်ခဲ့သည်။ ထိုကိစ္စအတွက်လည်း သူသည် မှားသည်ဟု နောင်တမရခဲ့သည့်အပြင် မိန်းမဖြစ်သူကို ပြန်ခေါ်၍ မရနိုင်သည့်အခါ သူ၏ရင်သွေး ဖြစ်သည့် သူ့မိန်းမ၏ ကိုယ်ဝန်ကို ဖျက်ဆီးရန် ကြံခဲ့သည်။ သို့သော် အန်တွန်၏အမှားမှာ အချိန်ကြာလာသည်နှင့်အမျှ သူတယောက်ထဲနှင့်သာ မသက်ဆိုင်တော့ဘဲ ဖခင်မည်သူမှန်း မသိသည့် သူ၏သား ရီဂေါမှာ အမှောင်ဘက်သားတို့၏ သွေးဆောင်ဖြားယောင်းခြင်းကို ခံခဲ့ရသည်။

bekmambetovအန်တွန်၏ အမှားကို အကြောင်းပြု၍ အမှောင်ဘက်သားတို့က သူ၏ သားဖြစ်သူ ရီဂေါကို ဓားစားခံပြုကာ ကမ္ဘာကြီးကို အမှောင်ထဲ သွတ်သွင်းဖို့ ကြံစည်နေချိန်တွင် အန်တွန်အတွက် အမှားပြင်ဆင်ခွင့်မှာ တခုသာ ရှိတော့သည်။ ဂက်ဆာ “ဘောရစ်အီဗန်နိုဗစ် ဂက်ဆာ” ဟု ခေါ်ကြပြီး အလင်းအင်အားစု (Light Ones) တို့၏ အရှင်သခင်ကြီး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက (Night Watch) ဇာတ်ကားတွင် အမှောင်အင်အားစု၏ ခေါင်းဆောင်ဇဗလွန်နှင့် စစ်ဖြစ်ပြီး စစ်ပြေငြိမ်းရေး စာချုပ်ဖြင့် စစ်ပွဲကို ဟန့်တားခဲ့သူ ဖြစ်သည်။ အစွမ်းထက်သော တန်ခိုးအင်အားများရှိပြီး ကံကြမ္မာမြေဖြူခဲကို ပြန်ရေးနိုင်ရန် အန်တွန်ကို အသက်ဘေးမှ အကြိမ်ကြိမ် ကယ်တင်ခဲ့သူ ဖြစ်သည်။

ဇဗလွန် ဂက်ဆာနှင့် အသက်အားဖြင့် အတူတူဖြစ်သည်။ အန်တွန်သားအဖကို သွေးကွဲအောင်လုပ်ပြီး ပါရမီရှင်ဖြစ်လာမည့် ရီဂေါကို အမှောင်ကမ္ဘာထဲသို့ ဆွဲသွင်းခဲ့သည်။ သားသတ်သမားအား ရီဂိုဘာကို သတ်ခိုင်းပြီး အန်တွန်အား လူသတ်မှုဖြင့် အကွက်ဆင်ခဲ့သည်။ သူနှင့် အမြဲတမ်း အဆက်အသွယ် ရှိနေစေမည့် ချွတ်မရတော့သည့် လက်စွပ်ကို အယ်လီရှာ အားပေးခဲ့ပြီး သူ၏ ချစ်သူအဖြစ် သိမ်းသွင်းခဲ့သည်။ အယ်လီရှာ အဆင့်မြင့် အမှောင်ဘက်တော်သား ကဝေတယောက်ဖြစ်ပြီး ဇဗလွန်ကို ချစ်ကြိုက်ခြင်း မရှိစေကာမူ လက်စွပ်ဖြင့် သိမ်းသွင်းခံလိုက်ရသည်။ သူ၏ချစ်သူမှာ သားသတ်သမား၏ သားဖြစ်သူ သွေးစုတ်ဖုတ်ကောင်လေး ကိုရှာ ဖြစ်သည်။ ဇဗလွန် လက်ချက်ကြောင့် ကိုရှာ သေဆုံးသွားချိန်တွင် သူ့လက်ကို ဓါးဖြင့်ဖြတ်၍ လက်စွပ်ချွတ်လိုက်ပြီး မြေဖြူခဲဖြင့် သူမ၏ချစ်သူ ကိုရှာ နှင့် ပြန်လည် ပေါင်းသင်းရန် ကြံဆောင်ခဲ့သည်။ အော်လ်ဂါ အလင်း ဘက်တော်သားများတွင် စွမ်းအား မြင့်မားသူဖြစ်ပြီး ဂက်ဆာ၏ ချစ်သူလည်း ဖြစ်သည်။ ဂက်ဆာ ဒုက္ခရောက်ချိန်တွင် ကံကြမ္မာ မြေဖြူခဲကို ရအောင် ကြံဆောင်မှုဖြင့် စစ်ဆေးရေးအဖွဲ့၏ အပြစ်ပေးခံထားရသူ ဖြစ်ပြီး အန်တွန်အတွက် လာရောက် ကူညီပေးသူ ဖြစ်သည်။

စဗက်တန်နာ Night Watch ဇာတ်ကားမှာကတည်းက ဖောက်ပြန်သော ဇနီးဖြစ်သူကြောင့် တည်ငြိမ်မှုမရှိသော အန်တွန်၏ စိတ်ဆင်ရိုင်းကို ချွန်းအုပ်ပေးနိုင်ခဲ့သူဖြစ်ပြီး ဇာတ်ကားအဆုံးတွင် သူတို့ နှစ်ဦး ပြန်လည် ပေါင်းသင်းနိုင်ခဲ့ကြသည်။ အလင်းဘက်တော်သားများထဲတွင် အားအကောင်းဆုံးသူလည်း ဖြစ်သည်။ ဇူအာ တိမူး၏ ညာလက်ရုံးအဖြစ် နှစ်ထောင်ပေါင်းများစွာ အသက်ရှင် နေထိုင်သူဖြစ်ပြီး မော်စကိုတွင် စားသောက်ဆိုင် ဖွင့်နေသူ ဖြစ်သည်။ ကံကမ္မာမြေဖြူခဲမှာ တိမူး၏ ညာဘက်လက်တွင် ရှိနေသည်ဟု သတင်းလွှင့်ထားပြီး အမှန်တကယ်တွင် ဇူအာက အမှောင်ချထားခဲ့ခြင်း ဖြစ်သည်။ ရံဖန်ရံခါတွင် ထိုမြေဖြူခဲမှာ ဇူအာ၏ ဘီယာကြွေး စာရင်းမှတ်ရာတွင် သုံးသည်။ အန်တွန်က မြေဖြူ လာတောင်းသည့်အခါ သူက ကြွေးစာရင်းမှတ်သော မြေဖြူကို ထုတ်ပေးလိုက်သဖြင့် အန်တွန်က အစစ်ကို တောင်းတာဟု ပြောသည့်အခါ “ဇူအာက စစ်လား မစစ်လား မင်းစမ်းကြည့်ပါလား” ဟု ပြောသဖြင့် စမ်းသပ်လိုက်ခြင်း ဖြစ်သည်။ Day Watch Day_Watch1လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ ကတည်းက အလင်းနဲ့အမှောင် စစ်သည်တော်တွေဟာ တရားမျှတမှုတံတားမှာ အချင်းဖြစ်ပွားခဲ့ပြီး သွေးချောင်းစီးခဲ့ကြသည်။ အလင်းဘက်တော်သားတွေရဲ့ သခင်ကြီးဂက်ဆာရဲ့ နှလုံးသားဟာ တောင့်မခံနိုင်တော့သည့်အတွက် စစ်ပွဲကို ရပ်တံ့ပစ်ခဲ့သည်။

dw003သို့သော် …………… အမှောင်က နေ့ထက် ရှည်လျားလွန်းသည့် အခါများတွင်မူ ကမ္ဘာကြီးသည် အမှောင်ထုထဲကို ကျရောက်သွားခဲ့ရသည်။ သို့ သော်လည်းအလင်းဘက်တော်သားများ၏ မျှော်လင့်ချက် တရပ်ဖြစ်သော ကံကြမ္မာမြေဖြူခဲ (Chalk Of Fate) က အမှောင်ကမ္ဘာထဲကို ကျရောက်မသွားခဲ့ချေ။ ထိုကံကြမ္မာမြေဖြူခဲကို ဝင်္ကပါကဲ့သို့ ကွေ့ကောက်ပြီး ပြန်လမ်းမရှိသည့် ခံတပ်ကြီးထဲတွင် ကံကြမ္မာမြေဖြူခဲကို အစောင့်အရှောက် များစွာဖြင့် ထိန်းသိမ်းထားခဲ့သည်မှာ စစ်ဘုရင်တိမူး မပေါ်ခင် အချိန်ထိပင် ဖြစ်သည်။ တိမူးဘုရင်က စစ်ဘုရင်များမှာ ကံကြမ္မာမြေဖြူခဲ ကို လိုက်ရှာရင်း ခံတပ်ထဲမှ ဝင်္ကပါထဲတွင် ပြန်လမ်း မရှိခဲ့ကြပေ။ တာမလိန်း ဟုခေါ်ကြသည့် စစ်ဘုရင် တိမူးမှာ ကံကြမ္မာ မြေဖြူခဲရှိရာ ခံတပ်ကြီးထဲသို့ ရောက်လာပြီး နောက်ဆုံးအဆင့်တွင် အစောင့်စစ်သား တဦးကို သတ်ရန် ကြံသည့်အခါ ထိုစစ်သားက သူ့ကို အသက်ချမ်းသာပေးပါရန် တောင်းပန်ပြီး မြေဖြူခဲရှိသည့် အခန်းကို ညွှန်ပြခဲ့သည်။ တိမူးက ထိုသူကို အသက်ချမ်းသာပေး၍ အတားအဆီးများကို ချိုးဖျက်ကာ သူတော်စင်တဦး စောင့်ကြပ်နေသည့် မြေဖြူခဲကို ရအောင်ယူပြီး “ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်ပြီ” ဟုကြွေးကြော်လိုက်သည်။

သို့သော် တိမူးမသတ်ဘဲ ချန်ထားခဲ့သည့် စစ်သားက သူ့အား ဓါးဖြင့် ထိုးသတ်လိုက်သည်။ မြေဖြူခဲ စောင့်ကြပ်နေသည့် သူတော်စင်ကြီးက “မင်းရဲ့ကံကြမ္မာကိုတော့ မထိန်းချုပ်နိုင်သေးဘူး” ဟု ပြောသည်။ သေအံ့မူးမူး အချိန်တွင် သူတော်စင်ကြီးက အလိုချင်ဆုံး အရာတခုကို ချရေးလိုက်ဟု အကြံပေးသည့်အခါ “အသက်ရှင်ချင်တယ်” ဟု ရေးခဲ့သည်။ ဤသို့ဖြင့် တိမူး ပြန်လည် ရှင်သန်လာပြီး ကံကြမ္မာ မြေဖြူခဲထားရာ အခန်းနားမှ အစောင့်စစ်သားနှင့် ထပ်မံတွေ့သည့်အခါ ထိုအစောင့်က သူ့ကိုမသတ်ရန် တောင်းပန်သော်လည်း တိမူးက “မင်းအရင်ကလည်း ငါ့ကို ဒီလိုဘဲ ပြောခဲ့ဖူးတာပဲ” ဟု ပြောပြီး သတ်ပစ်လိုက်သည်။

တိမူးကွယ်လွန်ပြီး နောက်ပိုင်းတွင် သမိုင်းကို ပြန်လည်ရေးသား၍ ရသည့် ကံကြမ္မာမြေဖြူခဲနှင့် ပက်သက်သည့် သတင်းများမှာ ပဟေဠိတခုသဖွယ် ရှိနေပြီး ထိုမြေဖြူခဲမှာလည်း တိမူး၏ ဂူရှိရာ ဥဇ္ဇဘက်ကစ္စတန်တွင် ရှိနေသည်ဟု ယုံကြည်ကြသည်။ နှောင်းလူတို့ကမူ ကံကြမ္မာမြေဖြူခဲကို တန်ခိုးသြဇာအပြင် ပြန်ပြင်၍ မရသည့် အမှားများအတွက် တခုတည်းသော အဖြေအဖြစ် ယုံကြည်နေခဲ့ကြသည်။

၂ဝဝ၆ခုနှစ် နှစ်သစ်၏ ပထမဦးဆုံးနေ့ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်း များစွာကတည်းက မြင့်မြတ်သော စစ်ပြေငြိမ်းရေး စာချုပ်ကို ချုပ်ဆိုထားသည့် အမှောင်ဘက်တော်သားများ (Dark Ones) နှင့် အလင်းဘက်တော်သားများ (Light Ones) တို့မှာ ကာလကြာမြင့်သည်နှင့်အမျှ တဖွဲ့နှင့်တဖွဲ့ တင်းမာမှု များလာပြီး အမှောင်ဘက်တော်သားတို့၏ အရှင်သခင်ကြီး ဇပလွန်က လူသတ်မှုတခုဖြင့် အန်တွန်တွင် အပြစ်ရှိကြောင်း ထောင်ခြောက်ဆင်ခဲ့သည်။ အမှောင်ဘက်သားနှင့် အလင်းဘက်သားတို့မှာ တဦးနှင့်တဦး စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုထားစဉ် ကတည်းက တဦးနှင့်တဦး သတ်ဖြတ်ခြင်းကို ရှောင်ကျဉ်ခဲ့သည်။

သူတို့နှစ်ဖွဲ့၏ ပြဿနာများကို သမာသမတ်ကျစွာ ဆုံးဖြတ်ပေးသည့် စုံစမ်းရေးအဖွဲ့ (Inquisition) ရှိပြီး ထိုအဖွဲ့မှာ နှစ်ဘက်လုံးမှ သမာသမတ်ကျသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။ ညကိုစောင့်ကြည့်သူ (Night Watch) အဖွဲ့မှာ အလင်းဘက်တော်သားများ အဖွဲ့၏ နာမည်ဖြစ်ပြီး နေ့ကို စောင့်ကြည့်သူ(Day Watch) အဖွဲ့မှာ အမှောင်ဘက်တော်သားများ၏ အဖွဲ့ဖြစ်သည်။ သူတို့နှစ်ဖွဲ့သည် နှစ်ပေါင်းများစွာကပင် တဖွဲ့ကို တဖွဲ့ စောင့်ကြည့်လာခဲ့ကြသည်။ နှစ်သစ် ပထမဦးဆုံးနေ့တွင် အန်တွန်နှင့် စဗက်တန်နာတို့ စစ်ဘုရင်တိမူး အကြောင်းကို ပြောဆိုပြီး ကားမောင်းလာကြရာ ရေဒီယိုမှတဆင့် တိုက်ခိုက်မှုတခု အကြောင်းကို သတင်းပို့ရာ စဗက်တန်နာနှင့် အန်တွန်တို့ သွားရောက် စုံစမ်းခဲ့ကြသည်။ ထိုတိုက်ခိုက်မှုမှာ အမှောင်ဘက်သားတယောက်၏ တိုက်ခိုက်မှုဖြစ်ကြောင်း သိရှိခဲ့ရသည်။

lwlgစဗက်တန်နာက အမှောင်ဘက်သားတို့၏ နယ်မြေတွင်းထိ လိုက်၍ ထိုတိုက်ခိုက်မှုကို စခဲ့သော လူငယ်လေးနောက်သို့ လိုက်ရာ ထိုလူငယ်လေးက စဗက်တန်နာ ကိုယ်တွင်းသို့ အပ်တချောင်း ထိုးသွင်းခဲ့သည်။ ကောင်လေး၏ ခေါင်းစွပ်ကိုလည်း စဗက်တန်နာက ရအောင်ယူခဲ့ပြီး စုံစမ်းရေးအဖွဲ့ လက်သို့ အပ်ခဲ့သည်။ ကောင်လေးက နေ့စောင်ကြည့်သူ ဌာနချုပ်သို့ ပြန်လည် ရောက်ရှိသည့်အခါ သူ၏ အမှောင်ကမ္ဘာ အတွင်းအထိ လိုက်လာသော မိန်းမအတွက် ခေါင်းဆောင်ကြီး ဇဗလွန်ကို အပြစ်တင်ခဲ့သည်။ ထိုကောင်လေးမှာ အန်တွန်၏ သားဖြစ်သူ ရီဂေါဖြစ်ပြီး သားဖြစ်သူ ဒုက္ခရောက်မည်စိုး၍ အန်တွန်မှာ ထိုဦးထုပ်ကို ညစောင့်ကြည့်သူ ဓါတ်ခွဲခန်းထဲမှ ခဲရာခဲဆစ်ခိုးဝှက်ကာ ဖျောက်ဖျက်ခဲ့ရသည်။

ထိုဦးထုပ်နှင့်အတူ ကံကြမ္မာမြေဖြူခဲနှင့် ပက်သက်သည့် အထောက်အထား စာရွက်စာတမ်းများပါ ခိုးယူလာခဲ့သည်။ တနေ့တွင်မူ ရီဂေါ၏ Day_Watch2ဆရာမဖြစ်သူ ရီဂိုဘာ အသတ်ခံလိုက်ရသည့် ကိစ္စတွင် အန်တွန်လက်ချက်ဟု နေ့စောင့်ကြည့်သူများက စွပ်စွဲကာ စုံစမ်းရေးအဖွဲ့အား ဖမ်းဆီးခိုင်းလေသည်။ တကယ်တွင်မူ အန်တွန်က ထိုအချိန်တွင် ညစောင့်ကြည့်သူ ဓါတ်ခွဲခန်းထဲ၌ သားဖြစ်သူ၏ ဦးထုပ်ကို သွားယူနေချိန် ဖြစ်သော်လည်း အလီဘိုင်မပြနိုင်ခဲ့ချေ။ အလင်း အင်အားစုများကို အသက်ထောင်ပေါင်းများစွာ ရှိနေပြီဖြစ်သည့် ဂက်ဆာက ဦးဆောင်သည်။ ဂက်ဆာကို လွန်ခဲ့သည့် နှစ်တထောင်ကျော်က တိဘက်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဥရောပနှင့် အာရှတိုက်နိုင်ငံများတွင် လှည့်လည်အခြေချ နေထိုင်ပြီးဖြစ်သည်။

3702-1ဥရောပနှင့် အာရှတိုက်ရှိ ခေါင်းဆောင်များနှင့် ပညာရှင်အချို့မှာ သူ၏ တပည့်များ ဖြစ်သည်။ သူ့တွင် သာမန်လူတို့ မကြုံဖူးသေးသည့် တန်ခိုးကို ရထားသည်။ ဂက်ဆာက အန်တွန်ကို အမှောင် အင်အားစုများ၏ ရန်မှ ကာကွယ်နိုင်ရန် အော်(လ်)ဂို၏ ခန္ဓာကိုယ်နှင့် အန်တွန်၏ ခန္ဓာကိုယ်ကို ပြောင်းလဲပေးခဲ့သည်။ ရီဂိုဘာကို အမှန်တကယ်သတ်ခဲ့သူမှာ အမှောင်ဘက်တော်သား တယောက်ဖြစ်သည့် ကိုရှာ၏ ဖခင်ဖြစ်သည်။ ကိုရှာ၏ ဖခင်မှာ ဦးနှောက်မဖွံ့ဖြိုးသည့် သားသတ်သမားတယောက် ဖြစ်ပြီး ရီဂိုဘာကို သူကိုယ်တိုင် သားသတ်သည့်ဓါးဖြင့် သတ်ခဲ့ခြင်း ဖြစ်သည်။ အမှောင်အင်အားစုတို့ကမူ အန်တွန်ကို ချောက်ချချင်သည့် အတွက်ကြောင့် ရီဂိုဘာ ကိုယ်ထဲမှဓါးကို ဆွဲနှုတ်ပြီး ဒဏ်ရာမရှိအောင် ထားခဲ့ကာ အကွက်ဆင်ခဲ့ခြင်း ဖြစ်သည်။ အော်လ်ဂါအဖြစ် အသွင်ပြောင်းထားသည့် အန်တွန်နှင့် သူ၏ချစ်သူ စဗက်တန်နာတို့ စားသောက်ဆိုင်၌ ညစာစားနေသည့် အချိန်တွင်လည်း ဇဗလွန်က အ်မ်သာထဲ၌ အမှောင်ဘက်တော်သား တယောက်ကို သတ်ကာ အော်လ်ဂါတဖြစ်လဲ အန်တွန်ကို ထောင်ချောက်ဆင်ထားခဲ့သည်။

အန်တွန်နှင့် စဗက်တန်နာတို့ နှစ်ဦး စားသောက်ဆိုင်ထဲမှ အထွက်တွင် ဇဗလွန်၊ စုံစမ်းရေးအဖွဲ့နှင့် အမှောင်အင်အားစုတို့က အသင့်စောင်းဆိုင်းနေပြီး အန်တွန်ကို သူတို့လက်ထဲသို့ လွှဲပေးရန် တောင်းဆိုခဲ့ရာ ဂက်ဆာနှင့် ဆ်ီမြွန်တို့ ဝင်ရောက် ကယ်ဆယ်ပေးခဲ့သဖြင့် အန်တွန်၊ အော်လ်ဂါနှင့် ဆဗက်တန်နာတို့ လွတ်မြောက်သွားခဲ့သည်။ ဥဇဘက်ကစ္စတန်နိုင်ငံ ဆမာကန်တွင်ရှိသော ကံကြမ္မာမြေဖြူခဲကို သွားယူရန်အတွက် အန်တွန်နှင့်အော်လ်ဂါတို့ ဓါတ်လှေကားထဲတွင် ၎င်းတို့၏ ခန္ဓာကိုယ်ချင်း ပြန်လဲလှယ်ပြီးနောက် ကံကြမ္မာမြေဖြူခဲကို ရှာပုံတော် ဖွင့်ခဲ့ကြသည်။ ကံကြမ္မာမြေဖြူခဲကို နှောင်းလူတို့က ဂူထဲရှိတိမူး၏ ညာဘက်လက် တွင်ထားခဲ့သည်ဟု ယုံကြည်ကြသည်။ အော်လ်ဂါကမူ ၁၉၄၁ခုနှုစ်က ဂက်ဆာ၏ အကြပ်အတည်းတခုကြောင့် ထိုမြေဖြူခဲကို ရရှိအောင် ကြံဆောင်ပေးချိန်တွင် ထိုမြေဖြူခဲကို တကယ်ထားခဲ့သည်မှာ တိမူး၏ ညာဘက်လက်တွင် မဟုတ်ဘဲ ညာလက်ရုံး ဇူအာထံတွင် ဖြစ်ကြောင်း အန်တွန်ကို ပြောပြခဲ့သဖြင့် အန်တွန်က လေယာဉ်ကို ပြန်ကွေ့ပြီး တိမူးလက်ထက် ကတည်းက အခုချိန်ထိ အသက်ရှင်လျက်ရှိသူ ဇူအာ (မော်စကိုမြို့တွင် နေထိုင်လျက်ရှိပြီး စားသောက်ဆိုင် ဖွင့်ထားသူ) ထံသို့ သွားရောက် တောင်းယူခဲ့သည်။

Lukianenko,_Sergeyအန်တွန်က စားသောက်ဆိုင်ရှိ ကျောက်သင်ပုန်းပေါ်တွင် သူအလိုချင်ဆုံးအရာ (သူ၏သား နာမည်ကို) ချရေးလိုက်သည့်အခါ သားဖြစ်သူ ရီဂေါမှာ ဆိုင်ရှေ့တွင် ပေါ်လာခဲ့သည်။ အေးစက်နေသည့် ရီဂေါ ကို အန်တွန်က သူ၏ ဂျာကင် ဝတ်ပေးထားချိန်တွင် သူ၏ ဂျာကင်ထဲမှ ဖုန်းမြည်လာသဖြင့် ရီဂေါက ကိုင် လိုက်သည်။ အန်တွန့်ဖုန်းကို ခေါ်သူမှာ သူ၏ချစ်သူ စဗက်တန်နာ ဖြစ်ကြောင်း ရီဂေါ သိသွားသည့်အခါ “အန်တွန်မှာ မိသားစုရှိတယ်။ သားတယောက်လဲ ရှိတယ်လေ။ နောက်ထပ် မပက်သက်နဲ့တော့” ဟု ပြောခဲ့သည်။

အန်တွန် ပြန်ရောက်လာသည့်အခါ သူတို့သားအဖနှစ်ဦး စကားများပြီး ရီဂေါ က မြေဖြူခဲကို ယူသွားခဲ့သည်။ ရီဂေါထွက်သွားချိန်တွင် အန်တွန်ကဇူအာကို “ငါမြေဖြူခဲနဲ့ ရေးလိုက်ပေမယ့် ဘာဖြစ်လို့ ငါ့အတွက်ကျတော့ အလုပ်မဖြစ်တာလဲ” ဟု မေးသောအခါ ဇူအာက “ဒီနေရာက ငါ့ကံကြမ္မာရှိတဲ့ နေရာလေ၊ မင်းကံကြမ္မာကို ဖျက်ဆီးခဲ့တဲ့နေရာကို မင်းသိမှာပေါ့”ဟုပြောရာ အန်တွန်က “မင်းငါ့ကို ဒီစကားပြောဖို့အတွက် ဒီအချိန်ထိ စောင့်နေတာလား” ဟု မေးခဲ့သည်။ အော်လ်ဂါ၊ ဆဗက်တန်နာ နှင့် ဂက်ဆာတို့ စားသောက်ဆိုင်သို့ လိုက်လာကြသည့်အခါ အန်တွန်ရော ဇူအာပါ မရှိတော့ဘဲ ပျက်ဆီးနေသော ဖုန်းအစုတ်လေးသာ ကျန်ခဲ့တော့သည်။ ရီဂေါ၏ မွေးနေ့ပွဲတွင် ကမ္ဘာကြီးကို အမှောင်တိုက်ထဲသို့ သွင်းရန် ကြံစည်နေသည့် ဇဗလွန်၏ အကြံအစည်ကို တားဆီးနိုင်ရန်အတွက် ဂက်ဆာက ဓါတ်ပုံဆရာအဖြစ် ဟန်ဆောင် သွားရောက်ခဲ့သလို ဆဗက်တန်နာ၊ ဆီမြွန်၊ အော်လ်ဂါနှင့် အန်တွန်တို့ကလည်း အတားအဆီးများကို ကျော်ဖြတ် သွားရောက်ခဲ့သည်။ မွေးနေ့ပွဲသို့ အရင်ရောက်နှင့်နေသော အန်တွန်က သူ့အပေါ် အထင်လွဲနေသည့် သူ့သားအတွက် မွေးနေ့ဆုမွန်ကောင်း တောင်းပြီးနောက် ဇဗလွန်ခတ်ထားသည့် အဆိပ်ရည် အနည်းငယ်ကို သောက်မိ၍ မူးနောက် ရီဝေနေချိန်တွင် လွန်ခဲ့သည့် ၁၆ နှစ်က သူနှင့် တွေ့ဆုံခဲ့သည့် အောက်လမ်း ဆရာမကြီးနှင့် ပြန်လည် ဆုံစည်းခဲ့ရသည်။

ထိုအမျိုးသမီး၏ ပြောပြချက်အရ အန်တွန်၏ ကံကြမ္မာသည် ဖြိုချခံလိုက်ရသည့် သူမ၏ တိုက်အိမ်ကြီးပေါ် မူတည်သည်။ သို့သော်လည်း တိုက်အိမ်ကြီးမှာ ယခုတွင် နံရံတချပ်သာ ရှိတော့သည်။ ထိုသို့ သိလိုက်ချိန်တွင် ကံကြမ္မာမြေဖြူ မှာ ရီဂေါ၏ လက်ထဲမှတဆင့် အယ်လီရှာထံသို့ ရောက်နေပြီ ဖြစ်သည်။ ရီဂိုဘာကို သတ်မှုအတွက် အန်တွန်ကို စုံစမ်းရေးအဖွဲ့ထံသို့ လွှဲပြောင်းပေးမည့် ဇဗလွန်၏ အကြံအစည်များကိုလည်း ကိုရှာ၏ ဖခင်ဖြစ်သူ သားသတ်သမားကြီး လက်ချက်ဖြစ်ကြောင်း ပေါ်လွင်အောင် အန်တွန်က ရှင်းပြပြီးသည့်အခါ စုံစမ်းစစ်ဆေးရေး အဖွဲ့က သားသတ်သမားကို လာရောက် ခေါ်ဆောင်သွားခဲ့သည်။ ဇဗလွန်ကြောင့် မိမိ၏ဖခင်မှာ လူသတ်သမား ဖြစ်နေကြောင်း သိသွားသော ကိုရှာမှာ ဇဗလွန်အား ဓါးနှင့်ထိုးသတ်ရန် လာသည့်အခါ ဇဗလွန်က ပါးနပ်စွာ လက်ဦးမှု ရယူလိုက်သည်။ အန္တရာယ် အသွယ်သွယ်ကို ကျော်ဖြတ်လာကြသည့် ဆီမြွန်မှာ အသက်စတေးပြီး အော်လ်ဂါကို အန်တွန်ရှိရာသို့ ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။ ဖခင်ကို ပြန်လိုချင်သော သားဖြစ်သူ ရီဂေါနှင့် ချစ်သူကို ရယူပိုင်ဆိုင်ချင်သော ဆဗက်တန်နာတို့ အငြင်းပွားကြပြီးနောက် ဆဗက်တန်နာကြောင့် ရီဂေါ၏ သွေးမြေကျခဲ့ရသည်ကို အကြောင်းပြု၍ ဇဗလွန်တို့ စတင်၍ စစ်ကြေညာလိုက်သည်။

၎င်းတို့ယုံကြည်သော မရဏတရားဖြင့် ကမ္ဘာကြီးကို အမှောင်အတိ ချုပ်ငြိမ်းစေပြီး ကမ္ဘာသစ်တခု ပြန်လည် ဖန်တီးနိုင်သည် ဟူသည့်အတွေးအခေါ်ဖြင့် အမှောင်ဘက်သားတို့က စစ်ပွဲကိုစတင်နေချိန်တွင် အန်တွန်က ထိုစစ်ပွဲကို တားဆီးနိုင်သည့် ကံကြမ္မာအတွက် အယ်လီရှာလက်ထဲမှ မြေဖြူခဲကို ရအောင်ပြန်ယူခဲ့သည်။ မြေဖြူခဲလက်ထဲသို့ ရောက်ရှိနေချိန်တွင် အန်တွန်သည် သူ၏ ကံကြမ္မာရှိရာ တိုက်ပျက်ကြီး နံရံပေါ်သို့ သွားရောက်ပြီး ရုရှားဘာသာဖြင့် “HET” အင်္ဂလိပ်ဘာသာဖြင့် “NO” ဟူသည့် စကားလုံးကို ပြန်ရေးလိုက်ရာ အခြေအနေ အားလုံးမှာ ၁၉၉၂ ခုနှစ်ဆီက Night Watch ဇာတ်ကား၏ အစကို ပြန်ရောက်သွားခဲ့သည်။ ပထမတခါတွင် ပြင်လို့မရသည့် အမှားကို ကျူးလွန်ခဲ့သည့် အန်တွန်မှာ ယခုအကြိမ်တွင်မူ အောက်လမ်းဆရာမက “စုန်းကဝေနည်းများဖြင့် သင်၏ အကြံအစည်ကို အကောင်အထည်ဖေါ်ဖို့ သဘောတူပါသလား” ဟုမေးသောအခါ အန်တွန်က “No” “သဘောမတူပါဘူး” ဟု ဖြေပြီး နောက်ထပ်အမှား မကျူးလွန်တော့ဘဲ ကဝေဆရာမကြီးအိမ်မှ ပြန်ထွက်လာခဲ့သည်။ လမ်းတွင် ဆိမြွန်၊ အော်လ်ဂါ တို့နှင့် တွေ့သည့်အခါတွင်လည်း အပေါင်းအသင်း မလုပ်တော့ချေ။

000d6065c51b0a282faf15ဂက်ဆာနှင့် ဇဗလွန်တို့က ပန်းခြံထဲတွင် အသင့် စောင်းဆိုင်းနေချိန်တွင်လည်း အန်တွန်က ဆဗက်တန်နာနှင့် လမ်းမှာတွေ့ကာ သူတို့နှစ်ဦး အဆင်ပြေသွားကြပြီး ပြန်လည် ပေါင်းစည်းသွားသော အခန်းနှင့် ဇာတ်သိမ်းထားသည်။ Night Watch နှင့် Day Watch ဇာတ်ကားတွင် ရုရှား သရုပ်ဆောင်များသာ သရုပ်ဆောင်ထားသည်။ အန်တွန်အဖြစ် ကွန်စတန်တင်ကာဘင်စကီး နှင့် ဇဗလွန်အဖြစ် ဗစ်တာဗာဇစ်စကီး တို့က ပြောင်မြောက်စွာ သရုပ်ဆောင်ထားသည်။ အယ်လီရှာအဖြစ် သရုပ်ဆောင်သည့် ဇာနာဖရစ်စကီးမှာ ရုရှားနိုင်ငံ၏နာ မည်ကျော် အဆိုတော်တယောက် ဖြစ်သည်။ Night Watch ဇာတ်ကားတွင်မှ စတင် သရုပ်ဆောင်ခဲ့ဖူးသော်လည်း ဝါရင့် သရုပ်ဆောင်တဦးပမာ သရုပ်ဆောင်နိုင်ခဲ့သည်။ Day Watch ဇာတ်ကားတွင် ဆွဲဆောင်မှုရှိသော သရုပ်ဆောင်တယောက် ဖြစ်သည်။ အော်လ်ဂါအဖြစ် သရုပ်ဆောင်သည့် ဂါလီနာကီနာကမူ အန်တွန်နှင့် သူမ၏ ခန္ဓာကိုယ် ပြောင်းထားချိန်တွင် ယောက်ျားစိတ်နှင့် မိန်းမကိုယ်အဖြစ် ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့သည်။

Cutting Edge အနားစွန်းများကို လှီးဖြတ်နေသည်ဟု ဘာသာပြန်ဆိုမည် ဆိုပါက မှားသွားနိုင်သည်။ သမားရိုးကျ မဟုတ်သော Unconventional များတွင် သုံးသော စကားလုံး ဖြစ်သည်။ ထူးခြားဆန်းပြားသည့် နည်းပညာများဖြင့် ပြုလုပ်ထားသော ဖန်တီးချက်တခုမှာ အဆင့်တခုသို့ ရောက်သွားသောအခါ အနုပညာတခုပမာ သိမ်မွေ့နက်နဲသည့် သဘောကို ဆောင်သွားခြင်းကို ခေါ်သည်။ Cutting Edge ဆိုသည့် စကားလုံးမှာ မဟာဗျူဟာတွေးခေါ်မှု၊ ဖန်တီးမှု တို့ အရာ၌ သမားရိုးကျ မဟုတ်သည့် ပြုလုပ်ချက်များဖြင့် ဖန်တီးထားခြင်းကို ခေါ်သည်။ နည်းပညာများကို စနစ်တကျ ကိုင်တွယ် အသုံးပြုနိုင်ပြီး အနုပညာ လက်ရာများကို ဖန်တီးထုတ်လုပ်သည့် State Of The Art သမားများကိုလည်း Cutting Edge ဟုခေါ်သည်။ Day Watch ဇာတ်ကားကို ရိုက်ကူး ထုတ်လုပ်ခဲ့သည့် ဒါရိုက်တာ တိမူးဘက်ကမ်ဘီတော့(ဗ်) ကို နယူးယောက်ပို့(စ်) ဆောင်းပါးရှင်က Cutting Edge Director ဟု တင်စား ခေါ်ဆိုသည်။ အကြောင်းမှာ Cinematic Visual Effect များကိုသုံးပြီး သမားရိုးကျမဟုတ်သော ဇာတ်လမ်း၊ ယုတ္တိမကျသော တင်ပြချက်များကို အခြေပြုကာ သူ၏ဇာတ်ကားကို ဖန်တီးခဲ့သော်လည်း အနုပညာဆန်၍ သိရခက်သော သမားရိုးကျ မဟုတ်သော တင်ပြချက်များကြောင့် သူ့ကို Cutting Edge Director ဟု ခေါ်သည်။ ဥပမာ။ ။Day Watch ဇာတ်ကားတွင် ရီဂေါနှင့် ဆဗက်တန်နာတို့က အန်တွန်ကို ဆွဲထားစဉ် သူ့ခေါင်းပေါ်သို့ မှန်ကွဲစကြီးတခု အရှိန်ပြင်းစွာ ပြုတ်ကျလာခဲ့သည်။ ထိုမှန်ကွဲစ အန်တွန်၏ ခေါင်းနားသို့ ရောက်ခါနီးတွင် ဓါတ်ပုံဆရာအဖြစ် ပါတီပွဲသို့ ရောက်နေသော ဂက်ဆာက သူ၏ ကင်မရာအလင်း ဖွင့်ချိန်၌ မှန်ကွဲစ အပါအဝင် ရီဂေါ၊ စဗက်တန်နာ၊ တို့အား ငြိမ်သက်စေခဲ့ပြီး အန်တွန် တဦးထဲကိုသာ အသက်ဝင်စေခဲ့သည်။ အမှန်အားဖြင့် ယုတ္တိမကျချေ။ သို့သော် သမားရိုးကျ မဟုတ်သော နည်းလမ်းဖြင့် မင်းသား၏ အသက်ကို ကယ်တင်ခဲ့ပြီး တင်ပြပုံ ဆန်းသစ်ကာ အနုပညာ မြောက်လှသည်။ ယနေ့ခေတ်မှာ Cutting Edge သမားတို့၏ ခေတ်ဖြစ်သည်။ သမားရိုးကျမဟုတ်သော Unconventional သမားတို့၏ ခေတ်လည်း ဖြစ်သည်။ တွေ့နေ၊ မြင်နေ၊ ကြားနေ၊ သွားနေကြ အရာများကို အစပြု၍ ဝင်ရောက်ခဲ့ပေပြီ။ ကမ္ဘာကြီးသည် ယှဉ်ပြိုင်မှုပို၍ ပြင်းထန်လာနေပြီး သမားရိုးကျနည်းဖြင့် စခန်းသွားနေလျှင် အသစ်အဆန်း မရှိတော့ဘဲ တဝဲဝဲ လည်နေတော့မည်။

Advertisements