ခရစၥတီနား အာဂြီလာရား ရဲ ့Not My Self Tonight တစ်ရက်တွင်း ကြည့်ရှု သူ သုံးသိန်း ကျော်

လိင်အသားပေး ရိုက်ကူးထားမှုများပါသည့်  ဂရမ်မီ ဆုရှင် ခရစ္စတီနား အာဂွီရာလား ၏ ဇွန်လတွင် ထုတ် ဝေမည့်
အယ်(လ)ဘမ် အသစ်  Bionic ထဲ မှ သီချင်း တစ်ပုဒ်ဖြစ်သည့် Not My Self Tonight ကို ဗီဒီယို ၀ဘ်ဆိုတ်
တစ်ခုဖြစ်သည့် ယူတု တွင်ဧပြီလ ၂၈ ရက်နေ့ က စတင် လွှင့်တင်ခဲ့ရာ တစ်ရက် အတွင်း ကြည့် ရှုသူ သုံးသိန်း
ကျော်ရှိခဲ့သည် ဟု ဘီဘုတ် အင်တာနက် စာမျက် နှာတွင် ဖော်ပြထားသည်။

ထိုတေးသရုပ် ဖော် ဗီဒီယိုမှ ခရစ် စတီနား အာဂွီရာလား ၏ မဖွယ်မရာ မြင်ကွင်း များကြောင့် ဝေဖန် ကန့် ကွက်မှု
များရှိသည်။ခရစ် စတီနား အာဂွီရာလား သည် ၁၉၉၉ ခုနှစ် က ပွဲဦးထွက် အယ်(လ)ဘမ် Christina Aguilera
ဖြင့် လူငယ် ပရိတ်သတ် များ ကြားရေပန်းစာ လာပြီး အဆိုတော် ဘရစ်တနီ စပီးယား နှင့် ခောတ်ပြိုင်ဖြစ်သည်။

ခရစ္စတီနား အာဂွီရာလားသည် မြန်မာ နိုင်ငံရှိ နာဂစ် လေမုန်း တိုင်းဒဏ် ခံရသူ များ အတွက် ကမ္ဘာ့ စားနပ်ရိက္ခာ
အစီအစဉ် မှ နေ၍ ဒေါ်လာ ငါးသောင်း ကျော် လှုဒါန်း ခဲ့သူ ဖြစ်သည်။

၂၀၀၁ ခုနှစ်က နစ်ကိုကဒ်မန်း ပါဝင် သရုပ်ဆောင်ထားသည့်  Lady Marmalade  ရုပ်ရှင်ကား၏ ဇာတ်ဝင်
တေး တစ်ပုဒ် ဖြစ်သည့် Lady Marmalade အားChristina Aguilera, Lil’ Kim, Mya, Pink စသည့်
အဆိုတော် လေးဦးက စုပေါင်း သီဆို ထားသည့် အယ်(လ)ဘမ်မှာ လည်း လူကြိုက်များသည်။

Advertisements