ဒေါသထွက်နေသည့် ကျောင်းသားများ အိမ်ရှေ့ မင်းသား ချားလ် နှင့် ကမီလာ ၏ ကား ကိုတိုက်ခိုက် (ဗီဒီယို)

ယနေ့ ဝတ်(စ)မင်နီစတာ တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြမှု ကို လန်ဒန် မြင်းစီးရဲများ က ဤသို့ အကြမ်းဖက် ဖြို ခွဲရာ ကို မျက်ဝါးထင်ထင် တွေ့ ရသည့် လန်ဒန် ရှိ မြန်မာ ကျောင်းသား ကိုအောင်အောင် က ကိုလို နီခောတ် ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင် ကျော် ကျဆုံးမှု ကို ပြန်လည် အမှတ် ရသည် ဟု Freedom News Group သို့ ပြောသည်။Photo : Telegram

ချားလ်မင်းသား နှင့် ကမီလာ တို့ လိုက် ပါလာသည့် ကားကို ကျောင်းသားများက ၀ိုင်းဝန်း တိုက်ခိုက်ကြစဉ် ဓာတ်ပုံ-အေပီ

ကျောင်းလခ တိုးမြှင့် သည့် ဥပဒေ ကို ယနေ့ အင်္ဂလန် တွင် ကျောင်းသားများကာ ဆန္ဒပြကြရာ
ပါလီမန် နှင့်လန်ဒန် ရှိ နေရာ အချို့ တွင် လမ်းကြောများ ပိတ် ဆို့ ကုန်သည်။ ယနေ့ ဆန္ဒပြမှု
တွင်  အစောပိုင်း ဉ် ရဲကားများ နှင့် ရဲစခန်း အဆောက်အဦ များ တိုက်ခိုက်ခံရပြီး ၊ဗြိတိသျှ အိမ်
ရှေ့ စံ ချာလ်း နှင့် ကမီလာ တို့  မောင်း နှင် လာသည့် မော်တော်ကား မှာလည်း တိုက် ခိုက်ခံရ
သော်လည်း နှစ်ဦး စလုံး ပြင်းထန် စွာ ဒဏ်ရာ မရှိ ဟု သိရသည်။

ဆန္ဒပြမှု တွင် ပါဝင်သည့် ကျောင်းသူ အချို့ မှ အဓိကရုဏ်းတွင် ထိခိုက်ဒဏ်ရာများရရှိ ခဲ့ကြသည်။ Photo : Telegram

ဗြိတိန် ပါလီ မန်က ကျောင်းလ ခတိုးမြှင့် မှု ကို အတည်ပြုလိုက်ရာ လန်ဒန် သည် စစ်မြေပြင်
ကြီး လို ဖြစ်နေတယ် လို့ သတင်း ရရှိသည်။ ယနေ့ လန်ဒန် မန် ချက်စတာ၊ လိဒ် နှင့် လီဗာပူး
တွင် ဆန္ဒပြကြရာ ပျက်စီးဆုံးရှုံး မှုများ ရှိပြီး အစိုးရ ရုံး အချို့ ကို ပိတ်ထားရကာ၊ ပို့ ဆောင်ဆက်
သွယ်ရေး အချို့ ရပ်တန့် ကုန်သည်။

ပါလီ မန် နှင့် လန်ဒန် မြို့ နေရာ အချို့ တွင် ကျောင်းသားများ နှင့် ရဲများ ခိုက်ရန် ဖြစ်ပွားကြသည်။

Advertisements

One response to “ဒေါသထွက်နေသည့် ကျောင်းသားများ အိမ်ရှေ့ မင်းသား ချားလ် နှင့် ကမီလာ ၏ ကား ကိုတိုက်ခိုက် (ဗီဒီယို)

  1. အင်္ဂလန်အရေးအတွက် မြန်မာပြည်သူလူထုမှ စိတ်ပူမိပါတယ်။ နိုင်ငံတွင်မငြိမ်သက်မှုမှ တဆင့် ဒေသတွင်းမတည်ငြိမ်မှု သို့ ကူးပြောင်းသွားမှာ မလိုလားပါဘူး ။ တစ်ဖက်မှာလည်း ၀ီကီလိခ်ဘက်တော်သားတွေက ငွေကြေးဆိုင်ရာဘဏ်တွေကိုတိုက်ခိုက်နေပါပြီ၊ ဒါကြောင့် ဘန်ကီမွန်းအနေနဲ့ အထူးသံတမန်ခန့်အပ် အရေးယူဆောင်ရွက်ပေးဖို့ ပြောလိုပါတယ်။

Comments are closed.