ဝ တပ်ဖွဲ့  ၏ စစ်ရေးလှုပ်ရှားမှု သတင်း နှင့် ဓာတ်ပုံများ (Update)

ထပ်မံ ဖြည့်စွက် ထား သည့် သတင်း သစ်

UWSA လို့  ခေါ် တဲ့ ၀ လက်နက်ကိုင် တပ် ဖွဲ့  ဟာ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော် ဖိုး ခန့် ရှိ တဲ့ လက်နက် ကြီး လက်နက် ငယ် တွေ ကို တရုတ် ၊ ထိုင်း နဲ့  ကမ္ဘော ဒီးယား နိုင်ငံ တို့  က လက်နက် ပွဲ စား တွေ စစ် အရာ ရှိ ဟောင်း တွေ က နေ တစ်ဆင့် ၂၀၁၇ ဇွန်လ ထဲ မှာ ၀ယ်ယူ လိုက် တယ် လို့  FNG က သိရှိ ရ ပါတယ်။

 
တရုတ် က နေ ဒေါ်လာ သန်း ၃၀၀ နီးပါး လောက် ရှိ တဲ့ လက်နက် တွေ ကို ၂၀၁၇ ခုနှစ် နှစ်ဆန်း က နေ ၀ယ်ယူ ခဲ့ တာ ဖြစ် ပြီး ဒေါ်လာ ထိုင်း ၊
ကမ္ဘော ဒီးယား နိုင်ငံ တွေ က လက်နက် တွေ ကို တော့ လက်နက် ပွဲစား တွေ ဆီက နေ တစ်ဆင့် ဒေါ်လာ သန်း ၁၀၀ ဖိုး လောက် ၀ယ်ယူ ခဲ့ တာ
ဖြစ်ပါတယ်။
 
ထိုင်း ကနေ တစ်ဆင့် ၀င် လာ တဲ့ လက်နက် တွေ ထဲ မှာ ထိုင်း စစ်တပ် သုံး တဲ့ အမေရိကန် လုပ် မောင်း ပြန် ရိုင်ဖယ် တွေ ၊ အဆင့် မြင့် စစ်ဆင် ရေး ကိရိယာ တွေ ပါ ပါဝင် တယ် လို့  ၀တပ် ဖွဲ့  နဲ့  နီးစပ် သူ တစ်ဦး က
FNG ကို ပြောပါတယ်။
 
မြန်မာ စစ်တပ် က တိုက် ခိုက် ခဲ့ လို့  ရှိရင် အလုံးအရင်း နဲ့  ပြန် ခုခံ နိုင် အောင် လို့  ၀ တပ် ဖွဲ့  က သူတို့  ရဲ့  လက်နက် တိုက် ကို ပိုတိုး ချဲ့  တည်
ဆောက် ခဲ့ တာ ဖြစ်ပါတယ်။
 
ဝ တပ် ဖွဲ့  မှာ ဆို ရင် တရုတ် ၊ စလိုဗက်ကီးယား နဲ့  ထိုင်း စစ်တပ် အရာရှိ
ဟောင်း တွေ က ပါ လာ ပြီး သင်တန်း ပေး တယ် လို့  ပြောပါတယ်။
 
ဝတပ် ဖွဲ့  ဟာ တရုတ် အဆက် အသွယ် ကနေ တစ်ဆင့် ယခင် ဆိုဗီယက်
နိုင်ငံ ဟောင်း တွေ က ထုတ် တဲ့ လေယာဉ် ပစ် လက်နက် တွေ ကို ဒေါ်လာ သန်း နဲ့  ချီ ပြီး ၂၀၁၆ နဲ့  ၁၇ နှစ် တွေ အတွင်း မှာ ၀ယ်ယူ ထား ပါတယ်။
 
ဝတပ် ဖွဲ့  ဘိန်းစိုက်ပျိုးထုတ် လုပ် မှု ကို လျှော့ ချ လိုက် တယ် လို့  တရားဝင် ပြော ပေမယ့် မူးယစ်ဆေး ထုတ် လုပ်မှု ကတော့ ကျ ဆင်း
သွား ခြင်း မရှိ ဘူးလို့  နိုင်ငံ တကာ အကဲခတ် တွေ က ပြောပါတယ်။
 
ဝ တပ် ဖွဲ့  ဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ငြိမ်းချမ်းရေး လမ်းစဉ် ဖြစ်တဲ့ ၂၁ ရာစု ပင်လုံ ကို ရာနှုန်း ပြည့် သဘော မတူထား တဲ့ အဖွဲ့  လည်း
ဖြစ်ပါတယ်။
______________________________________________________________________________________
Previously Reported on May 21, 2013 

ပြည် နယ် တောင်းဆို ထား သည့် ၀တပ် ဖွဲ့  (UWSA) ၏ စစ်ရေး မှတ်တမ်း နှင့်
လှုပ်ရှား မှု များ မှ FNG က ရရှိ ထား သည် များ အနက် အချို့  ကို  ဖော်ပြ လိုက်
ပါသည်။

ဓာတ်ပုံ များ ကို ယေဘုယျ ဖော်ပြထား မှု များ မှ အောက်တွင် ဖြစ်သည်။

လွန်ခဲ့ သည့် ငါး နှစ် ခန့်  က ဥရော ပ ၊ အမေရိကန် ၊ ဂျပန် မော်တော် ကား
အချို့  (တရုတ် နိုင်ငံမှ) ကို ၀ နယ် မြေ မှ ဖြတ် သန်း ပြီး မြန်မာ စစ် ဗိုလ်
ချုပ် များ သွင်း ယူခဲ့ သည့် မော်တော် ကားများ ။

၂၀၁၂ ခုနှစ် ထုတ် ပေါ်ရှေး ရှိုင်းယန်း (Porsche Cayenne) မော်တော် ကား
ဖြင့် တပ် ကို စစ်ဆေး နေသည့် ပေါက်ယူ ချန်း

၎င်း တို့  နယ် မြေ ထဲ ကို ၀င်ရောက် လာမှု ကြောင့် ဆို ကာ မြန်မာ နှင့် အခြား
တိုင်း ရင်း သား များ ကို ဖမ်းဆီးထား သည့် ၀တပ် ဖွဲ့  ၏ အကျဉ်း
စခန်း

ယခု လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ၊ ဦးအောင်သောင်း နှင့် ဦးသာ အေး တို့  သည်
ဝနယ် မြေ ကို ဖြတ် ပြီး မော်တော် ကား သွင်း ယူ ရာ တွင် ကျော်ကြား သည်။

ပေါက်ယူချမ်း ၏ သား ဖြစ်သူ ပေါက် အိုက် ပန်း ၏ အမှတ်
၄၈၁ တပ် ၏ စစ်ရေး လေ့ ကျင့် မှု သင်တန်း ဖွင့် ပွဲ ကို ၂၀၁၂ ခုနှစ် ဧပြီလ
၂၄ ရက်နေ့  က တွေ့  ရစဉ် (အဝေး တွင် တွေ့  ရသည့် မော် တော် ကား
မှာ ပေါက် အိုက် ပန်း ကား ဖြစ်သည်)
ပုံတွင် UWSA ပန်းဆန်းလက်နက် ကိုင် အဖွဲ့  မှ စစ်သုံးယာဉ် များ နှင့် စစ်ရေး လေ့ ကျင့် နေစဉ်

Child Soldiers serve in China back United Wa State Army
ဝတပ် ဖွဲ့  မှ ကလေး စစ်သား

ဝ တပ် ဖွဲ့ (UWSA) အသုံး ပြု သည့် အင်တာနက် ၀ဘ်ဆိုတ် များ နှင့် ဆက်စပ် အီလက်
ထရော နစ် လုပ်ငန်း ဆောင်တာ များ မှ ဓာတ်ပုံ ဗီဒီယို နှင့် အသံဖိုင် ၄၀၀ ကျော် ကို
FNG မှ ရရှိ ထား ရာ မကြာခင် ဖော် ပြသွား မည် ဖြစ်သည်။

7 thoughts on “၀ တပ်ဖွဲ့  ၏ စစ်ရေးလှုပ်ရှားမှု သတင်း နှင့် ဓာတ်ပုံများ (Update)”

  1. ကျွေးထားတာများတော့ ၀နေကြပြီ။

  2. ဝကိုတရုတ်ကကျောထောက်နောက်ခံထားပေးခြင်းဖြင့်မြန်မာတိုးတက်ပြောင်းလဲအရေးတွင်တရုတ်တို့နောက်တန်းမရောက်နိင်အောင်မျက်နှာဖုးံစွပ်နှင့်စစ်ရေးနေရာယူထားခြင်းဖြစ်သည်။

  3. “၀” တွေ သနားစရာပါ တရုတ်အသုံးချခံဖြစ်ပြီး အမျိုးပျောက်လုပြီ
    ဒါကို “၀” တွေ ကိုယ်တိုင် သတိမထားကြတာ ၀မ်းနဲစရာပါ၊
    “ကိုးကန့် ”ကိုနမှုနာကြည့် ”ကိုးကန့် ”တွေ ကိုယ်ဘ၀ မှန်မသိ လက်မခံတော့ ဘူး
    သူတို့ ကိုယ်သူတို့ တရုတ်တဲ့ အဟဟ သနားစရာပါ၊
    ခုတခါ “၀” ပြည်နယ်တောင်းပြန်ပြီ
    သနားတယ် မြန်မာ တရုတ် ကိုလိုနီနယ်ချဲ့ ခံရပြန်ပြီ
    သနားတယ် ရှမ်းတွေ ဗမာနဲ့ တရုတ် လုပ်တာနဲ့  တိုင်းပြည်ပျောက် လူမျိုးပျောက်တော့ မယ် ။

  4. ကျွေးသောလက်ကိုမကိုက်ရဘူးဆိုတဲ့စကားလိုဝတွေလဲယခင်စစ်အာဏာရှင်တွေရဲ့ကျေးဇူးရှင်တွေလာမသိဘူး

    1. စစ်တပ်ရဲ့အာဏာက မြို့ပေါ်က ပြည်သူတွေကိုပဲသက်ရောက်တယ်၊ တောထဲတောင်ထဲကသူပုန်တွေကို ကြောက်တယ်။

Comments are closed.