စိန်ခြူး ကြာ ညောင် လ ရောင် မလင်း နိုင် တော့ ပြီ (အပိုင်း-၁)

ဆော်ဒီအားရေးဗီးယား နိုင်ငံသား တစ်ယောက် နှင့် ချစ်ကြိုး သွယ် ဖြစ်
လမ့်မည် ဟု ရတီ ဘယ်တုန်း က မှ စိတ်မကူး မိခဲ့ ၊ ဆယ်တန်း နဲ့  တက္ကသိုလ် ကျောင်း သူ ဘ၀ တွေ မှာ ချစ်သူ ရှိ ခဲ့ ဖူးသော် လည်း ဗုဒ္ဓဘာသာ မြန်မာ လူမျိုး တစ်ယောက် သာ ဖြစ်သည်။
ကုန်ကုန် ပြောရလျှင် ရတီ ဘာသာ ခြား လူ မျိုး ခြား တစ်ယောက် နှင့် အကြောင်း ပါ လိမ့် မည် ဟု ဘယ်တော့ မှ စိတ် မကူး မိခဲ့။
ရတီ စီးလာသည့် လေယာဉ် က ဒိုဟာ မြို့  ကောင်းကင်ယံ ပေါ် တွင်
ငှက် တစ်ကောင်လို ပျံ ၀ဲ နေ ပြီ ဖြစ်သည်။ လေယာဉ် ပြတင်း ပေါက်
မှ နေ ၍ ဒိုဟာ မြို့  ကို အမှတ် တမဲ့ ငေး ကြည့် မိသည်။
သူ နဲ့  တွေ့ တော့ မည်။
အင်တာနက်၊ အီးမေး၊ တယ်လီဖုန်း တို့  ဖြင့်သူ နဲ့  နှစ်အတန် ကြာ စကား ပြော ခဲ့ ဖူးသော် လည်း အခု မှ ပထမ ဆုံး အကြိမ် ဆုံ ရ မည် ဖြစ်သည်။
hn

ဒိုဟာ ညချမ်း ၁

သူက သူဇာတိ ဖြစ်သည့် ဆော်ဒီ အာရေးဗီးယား သို့  တိုက်ရိုက် ဖိတ် ခေါ်
ခြင်း မရှိ သေးဘဲ ၊ သူ ၏ စီးပွား ရေး လုပ်ငန်း များ နှင့် အိမ်လည်း ရှိရာ
ဒိုဟာ မြို့  ကို သာ ဖိတ် ခေါ် သဖြင့် ဒိုဟာ သို့  ရောက် ခဲ့ ရ ခြင်း သာ ဖြစ်သည်။
ကာတာ တွင် အလုပ် လုပ် နေသည့် သူငယ်ချင်း တစ်ယောက် ၏ မိတ်
ဆက် ပေး မှု ဖြင့် သူ့  ကို Facebook မှ တစ်ဆင့် ဆုံ ခဲ့ ခြင်း ဖြစ်သည်။
သူငယ်ချင်း မိတ်ဆက် ပေး စဉ် က တော့ မွတ်ဆလင် ဘာသာ ၀င် မို့ 
ငြင်းမိသေး သော် လည်း သူ ၏ အနောက်တိုင်း ဆန် ဆန် ၀တ်စား မှု ၊
မုတ်ဆိတ် ပသယ် များ နှင့် ခန့် ခန့် ငြားငြား ရှိ မှု ၊ စကား ပြော ယဉ်ကျေး
ချိုသာ မှု တို့  ကြောင့် အခါ ပေါင်း များ စွာ လက်ခံ စကား ပြော ဖြစ်ခဲ့ မိသည်။ ဗိုင်ဗာ ၊ တယ်လီဖုန်း ၊ မက်ဆင်ဂျာစသည့် နည်း မျိုးစုံ တို့  ဖြင့်။
သူက အင်္ဂလိပ် စကား ကောင်းကောင်း တတ် သည်။ ဗုဒ္ဓဘာသာ နှင့် ဘုရား ပုထိုး စေတီ များ အကြောင်း ပြော သည့် အခါ ရန်ကုန် မှာ တွေ့ ရသည့် မွတ်ဆလင် များ လို မဟုတ် ပဲ စိတ်ဝင် တစ်စား နား ထောင်တတ်
သည်။
650 i

BMW 650i Gran Coupe

ထိုအချက် က လည်းသူ့  ကို ချစ် မိသွား စေသည့် အချက် ဖြစ်သည်။
ရိုးရိုးသား သား ၀န်ခံ ရလျှင် တော့ သူ ၏ ဓန အင်အား ကြောင့် လည်း
ဖြစ်သည်။
မိတ်ဆက် ပေး သည့် သူငယ် ချင်း ကတော့ ပြောဖူးသည်။ ” ကာတာ မှာ အိမ် အကောင်းစား နဲ့  ကား အကောင်း စား တွေ ပိုင်တယ် နော် ၊ နင့် တစ်သက် နေ့ မအား ညမနား နဲ့  ရှာ ရင် တောင် သူ့  ကား တစ်စီး စာ ဖိုး လောက် မရှိ ဘူး၊ စိတ် ကူး မလွဲ နဲ့  နော် ” လို့  ရယ် ကာ မော ကာ ဖြင့် ပြော ခဲ့ ဖူးသည်။
လွန် ခဲ့ သည့် သုံးလ ခန့်  က ဖေဖော်ဝါရီ လ ၁၄ ရက်နေ့  တွင် သူ့  ကို
‘ ချ စ်တယ် ‘ ဆိုသည့် အဖြေ ကို ပေး ခဲ့သည်။ သူ နဲ့  စတင် ရင်နှင်း ပြီး
နှစ် နှစ် ခန့်  အကြာ သူ က စတင် ဖွင့် ဟ ပြီး တစ်နှစ် ကျော် ခန့် အကြာ
မှ ဖြစ်သည်။
မိ ခင် ကို တိုင်ပင် ဖွင့် ပြောဖြစ်ခဲ့ သည်။ သူ နဲ့  ချစ် ကြိုက် သွား ပြီ ဆိုသည့် အကြောင်း ၊ အမေ က ဘာသာ ခြား မို့  သဘောမကျ တာ မရှိ ကြောင်း
ပြော သော် လည်း ယောင်နောက် ဆံထုံး ပါ ဆိုသည့် အတိုင် တစ်ချိန် တွင်
ရေခြား မြေခြား သွား နေရ မည့် သမီး အကြီး အတွက် ရင်တော့ လေး မိ
သည် ဟု ဆိုသည်။
Paper Moon Doha

ပေပါ မွန်း စားသောက် ဆိုင်

ရတီ ကတော့ ‘ အမေရယ် စိတ် မပူ ပါ နဲ့ ’ လို့  သာ ပြော မိသည်။
ကာတာ လေဆိပ် တွင် လို အပ်သည် များ ကို ဖြေကြား ပြီး နောက် လော်ဘီ တွင် ကျွန်မ နာမည် ရတီ ကို အင်္ဂလိပ် ဘာသာ ဖြင့် Yati ဟု ရေးထား
သည် စာတန်း ကို ကိုင်ထား သူ ကို တွေ့ သည့် အခါ ရင် တွေ ပိုခုန် လာ
သည်။
သူ က ရှပ်အကျီ်အဖြူ ၊ ဘောင်းဘီ အနက် ရင့်ရင့် နှင့် အုန်းခွံ့  ရောင် ရှုး
ဖိနပ် ကို သပ်သပ် ရပ်ရပ် ၀တ် ဆင်ထား သည်။
ရတီ သူ့  ဆီ ကို အပြေး သွား ကာ ခါ လစ် ဟု ခေါ် လိုက် မိသည်။
သူ့  နာမည် က ခါလစ် ဗင် အယ်(လ) ၀ါလစ် ဖြစ်သည်။ ချ မ်းသာ သည့်
ဆော်ဒီ အာရေးဗီးယား ကြေးရတတ် များ မှ မွေးဖွား လာ ခဲ့ သူ ဖြစ်သည်။
အမေရိကန် နှင့် အင်္ဂလန် တွင် ကျောင်း တက် ခဲ့ ပြီး နောက် အမေရိကန် သူ ရည်းစား နှင့် လမ်းခွဲ ခဲ့ ပြီး နောက်ပိုင်း တွင် ရတီ ကိုဆုံ ခဲ့ ခြင်း ဖြစ်သည် ဟု ပြော ဖူးသည်။
သူ က ရတီ ကို နှုတ် ခွန်းဆက် စကား နှင့် လမ်း ခရီး အခြေ အနေ များ ကို မေး ပြီး နောက် ရတီ ရဲ့  လက်ဆွဲအိတ် နှင့် ခရီးဆောင် အိတ် များ ကို သူ့  ရဲ့  BMW 650i Gran Coupe ထဲ သို့  စနစ် တကျ ပင် ပြောင်းထည့် သည်။
who3057re.144131_tb

ပေပါ မွန်း စားသောက် ဆိုင်

လေဆိပ် မှ တစ်ဆင့် ဒိုဟာ မြို့ ထဲ ကို မောင်းတော့ ခါလစ် က ရတီ ကို “သူ နဲ့  တွေ့ ရ တာ ပျော် ရဲ့ လား ” ဟု မေး သည်။ ရတီ က ပျော် တယ် ခါလစ် ရယ် ၊ တကယ့် ကို ပျော် ပါတယ် ဟု ပြော ပြီး သူ့  လက် တစ် ဖက် ကို ဆုပ်ကိုင် မိလိုက်သည်။
ခါလစ် က က လည်း ယုယု ယယ ပင် သူ့  လက် ကို ထွေး ပွေ့  ပြီး မော်
တော်ကား ကို ဂရု တစ်စိုက် မောင်း နေသည်။
ခါလစ် က အိမ် မှာ ခဏ ၀င် နား ပြီး မှာ စားသောက် ဆိုင် သွားမလား ဟု မေး သည်။
တယ်လီဖုန်း ဖြင့် ရင်း နှီး ခဲ့ သည် ဆို သော် လည်း ရတီ က သူ့  အိမ် ကို အရင် သွားတာ ထက် သူ နဲ့  ရင်းရင်းနှီးနှီး မျက် နှာ ချင်း ဆိုင် ပြော ဆို ပြီး
မှ ခရီး ဆက် တာ ပို ၍ သင့် တော် မည် အထင် ဖြင့် စား သောက် ဆိုင် ပဲ
သွား ကြ တာ ပေါ့ ဟု ဆိုလိုက်သည်။
တကယ်တော့ ရတီ ဗိုက်လဲ မဆာသေး ၊ အထူးတန်း က လိုက်လာသည့် မို့  ခရီး လည်း မပန်း ချေ။
ခါလစ် က ဒိုဟာ မြို့  ထဲ က Paper Moon အီတာလျှံ စားသောက် ဆိုင် ကို
ခေါ် သွား ကာ ညစာ ကျွေး သည်။
ပေပါမွန်း သည် ဒိုဟာ ရှိ အကောင်းစား စားသောက် ဆိုင် ကြီး တစ်ခု ဖြစ်
သည်။
ဆိုင် မန် နေဂျာ က ခါလစ် ကို လာရောက် နှုတ် ဆက် သည့် ခါ လစ် က ရတီ ကို ကို ပါ မိတ် ဆက် ပေးသည်။ ပေ ပါ မွန်း စား သောက် ဆိုင် ရှိ
ရိုမန် တစ် ဖြစ် ဖွယ် ဆင်ယင် ထား မှု ကြောင့် ရတီ ၏ ဒို ဟာ ည ချမ်း မှာ ပို ပြီး နွေး ထွေး သက် ၀င် ခဲ့သည်။
သူ က ဖက်တူနီချီနီ ဆိုသည့် အီတာလျှံ အစားသောက် ကို စား ပြီး ရတီ က
တော့ ပန်ချဲတာ ကို သာ စား ဖြစ်သည်။
နောက် တော့ သူ က ၀ိုင် နှစ် ခွက် ရတီ က ၀ိုင် တစ်ခွက် သောက် ဖြစ် ပြီး
နောက် ဘယ် အစားအသောက် ကို အကြိုက် ဆုံး လဲ လို့  မေး ရာ ” မြန်မာ အစား အသောက် တွေ ကို ပိုကြိုက် တယ် ဒါ ကြောင့် မြန်မာ မလေး ကို
ချစ် မိသွားတာ ဟု ဇ၀န ဥာဏ် ဖြင့် ပြန်လည် ဖြေကြား ချက် ကြောင့် ရတီ ပို ချစ် သွား ခဲ့ မိသည်။
ဒီထက် ပို ချစ် သွား စေ ချက် က တော့ ခါလစ် ၏ ဆာရော့စကီ ရတနာ
တိုက် အမှတ် တံဆိပ် နှင့် စိန် လက်စွပ် တစ် ကွင်း ရတီ ကို လက်ဆောင်ပေးမှု
ကြောင့် ဖြစ်သည်။ လှလိုက် တဲ့ လက်စွပ် လေး ၊ ရတီ နာမည် ကို လည်း လက်စွပ်
မှာ ရေး ထိုးထားသည်။
အပိုင်း ၂ ကို တနင်္လာ နေ့  တွင် စောင့် မျှော် ဖတ် ရှု ပါ။
ကာယကံ ရှင် များ ၏ နာမည် နှင့် နေရပ် များ ကို လွှဲ ပြောင်း ထား ရုံ မှ အပ တကယ့် ဖြစ် ရပ် မှန် ဖြစ်ပါသည်။
အပိုင်း ၈ ပိုင်း ခန့် ရှိ မည် ဖြစ် ပြီး တစ် ပတ် လျှင် အပိုင်း နှစ် ပိုင်း စီ တင် ဆက် ပေး မည် ဖြစ်ပါသည်။

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s